အမေရိကန်နဲ့ ဗြိတိန် ထောက်လှမ်းရေးဌာနတို့ရဲ့ ကြံစည်မှု မုချဧကန် ရှုံးနိမ့်မည်

(GMT+08:00)2022-07-10 15:56:35  


ဒီလ ၇ ရက်နေ့မှာ တရုတ်နဲ့ ဂျာမဏီတို့ဟာ ငွေရင်းမြှုပ်နှံမှု စုစုပေါင်း ယူရိုငွေ သန်း ၂၀၀ လောက်ရှိတဲ့၊ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ် ၁၀ ခုကျော် ပါဝင်တဲ့ စာချုပ် တစ်ခုကို ချုပ်ဆိုခဲ့ပါတယ်။ အဲဒါဟာ နိုင်ငံခြား လုပ်ငန်းရှင်များက တရုတ် ဈေးကွက်ကို အကောင်းဘက်မှ ရှုမြင်ခြင်းကို ပြသတဲ့အပြင် ယင်းမတိုင်ခင်က အမေရိကန်နဲ့ ဗြိတိန် ထောက်လှမ်းရေးဌာနတို့က ဝါဒဟောင်းဖြန့်ပြီး အနောက်နိုင်ငံ လုပ်ငန်းကုမ္ပဏီများကို ခြောက်လှန့်တဲ့ လုပ်ရပ်အပေါ် ကဲ့ရဲ့စရာလည်း ဖြစ်စေခဲ့ပါတယ်။

ဒီလ ၆ ရက်နေ့က လန်ဒန်မြို့မှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အမေရိကန် FBI ခေါင်းဆောင် ကရစ္စတိုဖာရေးနဲ့ ဗြိတိန် စစ်ရေးသတင်းအချက်အလက် အမှတ်(၅) ဌာန ညွှန်ကြားရေးမှူး မကာလပ်မ်တို့က သတိပေးချက် ဆိုတာကို ပူးတွဲ ထုတ်ပြန်ပြီး၊ တရုတ်နိုင်ငံက အရေးကြီး လုပ်ငန်းများကို ဦးစီးနိုင်ဖို့ ရည်ရွယ်ချက်ကို ထမြောက်ဖို့  အတွက် “စီးပွားရေး သူလျှို” နဲ့ “ဟက်ကာတိုက်ခိုက်မှု” ကတစ်ဆင့် အနောက်နိုင်ငံများရဲ့ ပညာ မူပိုင်ခွင့်ကို ရယူနေကြောင်း ဖေါ်ပြကာ၊ တရုတ်နိုင်ငံဟာ “အကြီးဆုံးသော ရေရှည် ခြိမ်းခြောက်မှု” ဖြစ်တယ်လို့ မဟုတ်မမှန် ထပ်မံ ပုတ်ခတ် ပြောဆိုခဲ့ပါတယ်။ အဲဒီနေ့ကပဲ အမေရိကန် ထောက်လှမ်းရေးဌာနက အမေရိကန် ပြည်နယ်အသီးသီးနဲ့ ဒေသခံ အစိုးရ အရာရှိများနဲ့ ကုန်သွယ်ရေး ခေါင်းဆောင်များအား တရုတ်နိုင်ငံကို ရည်ညွှန်းထားတဲ့ သူလျှို ဆန့်ကျင်ရေး အကြောင်းကြားချက် ဆိုတာကိုလည်း ထုတ်ပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က အမေရိကန် ထောက်လှမ်းရေးဌာနဟာ အထက်က အမိန့်အရ ကိုဗစ် ဗိုင်းရပ်စ် အရင်းအမြစ်ကို စုံစမ်းစစ်ဆေးပြီး နောက်ဆုံးမှာ တစ်ကမ္ဘာလုံးရဲ့ ကဲ့ရဲ့သံများ ထဲမှာ မှုန်ကုပ်ကုပ်နဲ့ အဆုံးသတ်ခဲ့ရတဲ့ ဟာသဇာတ်လမ်းကြီးကို လူတွေက မှတ်မိ နေပါသေးတယ်။ ဒီနှစ်မှာ အမေရိကန် ထောက်လှမ်းရေးဌာနက ဗြိတိန် ထောက်လှမ်းရေး 

ဌာနကို စည်းရုံးပြီး မရှိတာကို အရှိဖြစ်အောင် လုပ်ကြံခြင်း ဇာတ်ဟောင်းကို ပြန်လည် တင်ဆက် ခဲ့ကြတယ်။ ရည်ရွယ်ချက်ကတော့ တရုတ်ပြည် ခြိမ်းခြောက်ရေး ဝါဒ ဖြန့်ပြီး တရုတ်ပြည်အား ဝိုင်းပယ်ရန် သွေးထိုးလှုံ့ဆော်ဖို့၊ တရုတ်နဲ့ နိုင်ငံတကာ မိသားစုကြီးရဲ့ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုကို ဖျက်ဆီးဖို့နဲ့ အမေရိကန်ရဲ့ တရုတ်ပြည် ဖွံ့ဖြိုးမှု ဟန့်တားရေး ဗျူဟာကို ဖေါ်ဆောင်ဖို့ပဲ ဖြစ်ပါတယ်။ အရင်ကလိုပဲ ဒီအကြိမ် ကြံစည် မှုလည်း ရှုံးနိမ့်သွားမှာ မုချဧကန်ပါပဲလို့ China Media Group မှ သတင်း ဆောင်းပါးတစ်ပုဒ်မှာ ရေးသား ဖေါ်ပြထားပါတယ်။