၀မ်ယိ သည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင် နှင့် တွေ့ဆုံ

(GMT+08:00)2022-07-10 15:57:18  


ဒေသစံတော်ချိန် ဇူလိုင် ၉ ရက်နေ့တွင် တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ သည် ဘာလီကျွန်း၌ G20 နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို တက်ရောက်ပြီးနောက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင် နှင့် တွေ့ဆုံခဲ့ပါသည်။ နှစ်ဖက်တို့သည် တရုတ်-အမေရိကန် ဆက်ဆံရေးနှင့် အတူဂရုစိုက်ကြသော နိုင်ငံတကာနှင့် ဒေသဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် နက်နက် ရှိုင်းရှိုင်း၊ ပွင့်ပွင့်လင်းလင်း အချိန်ကြာရှည်စွာ အမြင်ချင်းဖလှယ်ခဲ့ကြသည်။ ဤဆွေးနွေးပွဲသည် လက်တွေ့ကျပြီး အပြုသဘောဆောင်ကာ အပြန်အလှန်နားလည်မှုကို မြှင့်တင်ရန်၊ နားလည်မှု လွဲမှားခြင်းများကို လျှော့ချရန်အတွက် အကျိုးရှိကြောင်း၊ နှစ်နိုင်ငံအကြား အနာဂတ်အဆင့်မြင့်ဖလှယ်မှုများအတွက် အခြေအနေ များကို စုစည်းပေးမည်ဖြစ်ကြောင်း နှစ်ဖက်စလုံးက ယူဆကြပါသည်။