ဂျာမဏီနိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ်ကြီးကို ယူကရိန်းပြန်ခေါ်

(GMT+08:00)2022-07-10 16:20:04  


ဇူလိုင်လ ၉ ရက်နေ့က ယူကရိန်းသမ္မတ ဇယ်လန်စကီသည် ဂျာမဏီနိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ်ကြီးမယ်နစ်က်ကို ပြန်လည်ခေါ်ယူကြောင်း သတင်းအရ သိရပါသည်။

မယ်နစ်က်သည် ၂၀၁၅ ခုနှစ် ဇန်နဝါရီလကစပြီး ဂျာမဏီနိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ်ကြီးတာဝန်ကို ထမ်းဆောင်ခဲ့ပြီး လွန်ခဲ့သည့် သုံးလေးငါးလအတွင်း ၎င်းသည် ဂျာမဏီနိုင်ငံ၏ ယူကရိန်းအား လက်နက်ထောက်ပံ့ပေးရန် ဆိုင်းငံ့မှုကို ပြင်းထန်စွာပြစ်တင်ဝေဖန်ခြင်း၊ ဂျာမဏီသမ္မတစတိုင်မိုင်ယာကို ပြစ်တင်ခြင်း၊ ဂျာမဏီ ဝန်ကြီးချုပ် ရှို့ဆ်ကို ပြစ်တင်ခြင်းတို့ကြောင့် ပြစ်တင်ဝေဖန်မှု များစွာခံခဲ့ရသည်။ ၎င်း၏ ပြောဆိုချက်သည် ယူကရိန်းအစိုးရကို ကိုယ်းစားပြုခြင်း မဟုတ်ကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။

မယ်နစ်က်အပြင် နော်ဝေး၊ ချက်၊ ဟန်ဂေရီနှင့် အိန္ဒိယနိုင်ငံဆိုင်ရာ ယူကရိန်း သံအမတ်ကြီးများကိုလည်း ပြန်လည်ခေါ်ယူခဲ့ကြောင်း ယူကရိန်း သမ္မတရုံးက ပြောကြားခဲ့သည်။