ရုရှား ပထမဆုံး နျူကလီးယား မောင်းနှင်အားသုံး မောင်းသူမဲ့ vehicle ကို တင်ဆောင် နိုင်သော ရေငုပ်သင်္ဘော “ဘယ်လ်ဂိုရေ”ကို ရုရှား ရေတပ်အား ပေးအပ်

(GMT+08:00)2022-07-09 14:38:55  


ယခုလ ၈ ရက်နေ့က ရုရှား ပထမဆုံး နျူကလီးယားမောင်းနှင်အားသုံး မောင်းသူမဲ့ vehicle “ပိုစိန်တွန်” ကို တင်ဆောင်နိုင်သော ရေငုပ်သင်္ဘော “ဘယ်လ်ဂိုရေ”ကို ရုရှား ရေတပ်အား တရားဝင် ပေးအပ်ခဲ့သည်ဟု China Media Group မှ သတင်းတွင် ဖေါ်ပြ ပါသည်။
ရုရှားတပ်ဖွဲ့မှ ထုတ်ပြန်သောသတင်းအရ “ပိုစိန်တွန်”သည် ရေအောက် မီတာ ၁၀၀၀ နက်ရာသို့ ရေငုပ်နိုင်ပြီး ရေအောက်၌ ကန့်သတ်မှုမဲ့ ဝေးအောင် ခုတ်မောင်းနိုင်သည်ဟု သိရပါသည်။ ယင်းမတိုင်မီက ထုတ်ပြန်ခဲ့သည့် အစီအစဉ်အရ “ဘယ်လ်ဂိုရေ”နှင့် “ပိုစိန်တွန်”တို့ဖြင့် ပူးတွဲ ဖွဲ့စည်းထားသော လက်နက်များ အခင်းအကျင်းစနစ်သည် ၂၀၂၆ ခုနှစ် နောက်ပိုင်းတွင် စစ်တိုက်ခိုက်ရေးအင်အား ဖြစ်တည်နိုင်မည်ဟု သတင်းရရှိပါသည်။