၂၀၂၂ ခုနှစ် တရုတ်ပြည် ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု စက္ကူဖြူစာတမ်း ထုတ်ပြန်

(GMT+08:00)2022-07-09 14:38:07  


   တရုတ် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး သုတေသနဌာနသည် ယခုလ ၈ ရက်နေ့က ၂၀၂၂ ခုနှစ် တရုတ်ပြည် ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု စက္ကူဖြူစာတမ်းကို ထုတ်ပြန်ခဲ့သည်။ စက္ကူဖြူစာတမ်းအရ တရုတ်ပြည် ဒီဂျစ်တယ် စီးပွားရေးတွင် ကုန်ထုတ်လုပ်မှု ဒီဂျစ်တယ် ဖြစ်နှုန်းသည် ၈၀ ရာခိုင်နှုန်းကျော် ရှိပြီး ဒီဂျစ်တယ် စီးပွားရေး ဖွဲ့စည်းပုံသည် ပိုမို ပြည့်စုံကောင်းမွန်လာသည်ဟု သိရပါသည်။
  စက္ကူဖြူစာတမ်းတွင် ၂၀၁၂ ခုနှစ်ကစပြီး တရုတ်ပြည် ဒီဂျစ်တယ် စီးပွားရေး နှစ်စဉ် ပျမ်းမျှ တိုးတက်မှုနှုန်းမှာ ၁၅့၉ ရာခိုင်နှုန်း ဖြစ်ပြီး ကာလတူ ဂျီဒီပီ ပျမ်းမျှ တိုးတက်မှုနှုန်းထက် ထင်ရှားစွာ ပိုမြင့်ပါကြောင်း၊ ၂၀၂၁ ခုနှစ်တွင် တရုတ်ပြည် ဒီဂျစ်တယ် စီးပွားရေး အတိုင်းအတာသည် ယွမ် ဘီလီယံ ၄၅၀၀၀ အထိ တိုးလာခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။