ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး ကွယ်လွန်ခြင်းနှင့်ပတ်သက်ပြီး ရှီကျင့်ဖိန်သည် ဂျပန်ဝန်ကြီးချုပ် ဖူမီအိုကီရှီဒါအား ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00)2022-07-09 15:09:28  

တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဇူလိုင်လ ၉ ရက်နေ့တွင် ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး ကွယ်လွန်ခြင်းနှင့်ပတ်သက်ပြီး ဂျပန်ဝန်ကြီးချုပ် ဖူမီအိုကီရှီဒါအား ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ ခဲ့ပါသည်။
ရှီကျင့်ဖိန်သည် တရုတ်အစိုးရနှင့် ပြည်သူများကိုယ်စား မိမိအနေဖြင့်လည်း ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး ကွယ်လွန်ခြင်းအပေါ် ဝမ်းနည်းကြောင်း ဖော်ပြသည့်အပြင် ရှင်ဇိုအာဘေး၏ ကျန်ရစ်သူမိသားစုအား နှစ်သိမ့်ကြောင်းလည်း ဖော်ပြသည်။