တူရကီနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံပြီး ပင်လယ်နက် စားနပ်ရိက္ခာ လမ်းကြောင်း ဖွင့်လှစ်နိုင်ခြေကို ဆွေးနွေးခဲ့ကြ

(GMT+08:00)2022-07-09 14:44:32  

ဇူလိုင်လ ၈ ရက်နေ့တွင် တူရကီနိုင်ငံခြားရေးဝန်ကြီးCavusoglu ၏ ပြောကြားချက်အရ ၎င်းသည် ယခုလ ၇ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ ကျင်းပသည့် G20 နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ပြင်ပတွင် ရုရှားနိုင်ငံခြားရေး ဝန်ကြီးLavrovနှင့် တွေ့ဆုံခဲ့ပြီး လက်ရှိ ရုရှားနှင့် ယူကရိန်းအခြေအနေ၊ ပင်လယ်နက်တွင် စားနပ်ရိက္ခာသယ်ယူပို့ဆောင်ရေးအတွက် ဘေးကင်းသော လမ်းကြောင်း တည်ထောင်နိုင်ခြေနှင့် စားနပ်ရိက္ခာနှင့် ဓာတ်မြေသြဇာ စသည့် ထုတ်ကုန်များ တင်ပို့ရောင်းချရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရပါသည်။