ယူကရိန်းစစ်လက်နက်များကို ဆက်လက်တိုက်ခိုက်သည်ဟု ရုရှား ပြော၊ ယူကရိန်းက မြွေကျွန်းကို ထိန်းချုပ်နိုင်ပြီဟု ဆို

(GMT+08:00)2022-07-09 14:43:45  


ရုရှားစစ်တပ်သည် ယူကရိန်းစစ်တပ်၏ ကွပ်ကဲမှုစခန်းများနှင့် စစ်လက်နက် ပစ္စည်းများကို ဆက်လက် တိုက်ခိုက်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၇ ရက်နေ့တွင် ပြောကြားခဲ့သည်။ ယူကရိန်းစစ်တပ်သည် ပင်လယ်နက် မြွေကျွန်းကို ထိန်းချုပ်နိုင်ပြီဟု ယူကရိန်းဘက်မှ ပြောကြားခဲ့သည်။
ဇူလိုင်လ ၇ ရက်နေ့တွင် ရုရှားလေတပ်မှ လေယာဉ်တစ်စင်းသည် ပင်လယ်နက်ရှိ မြွေကျွန်းကို ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ရာ ယူကရိန်းစစ်သားအချို့ သေဆုံးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ယူကရိန်းမှ ထုတ်ပြန်သည့် သတင်းတစ်ပုဒ်တွင် ယင်း ရုရှားသတင်းကို အတည်ပြုခဲ့သည်။