ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး သေနတ်ဖြင့် ပစ်ခတ်ခံရသောကြောင့် သေဆုံး၊ ကုလအတွင်းရေးမှူးချုပ်နှင့် နိုင်ငံအများအပြားမှ ခေါင်းဆောင်များ ဝမ်းနည်းကြောင်းဖော်ပြ

(GMT+08:00)2022-07-09 14:45:28  

ဇူလိုင်လ ၈ ရက်နေ့က ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးသည် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းအပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်  ဂူတာရက်စ်သည် ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ဝမ်းနည်း ကြေကွဲမှုနှင့် တုန်လှုပ်အံ့သြမှုကို ဖော်ပြပြီး ရှင်ဇိုအာဘေး၏ မိသားစုနှင့် ဂျပန်အစိုးရအား ဝမ်းနည်းကြောင်း ဖော်ပြခဲ့သည်။ ထို့အပြင် အမေရိကန်သမ္မတ ဘိုင်ဒန်၊ ဘရာဇီးသမ္မတ ဘိုဆိုနာရို၊ ဂျော်ဒန်ဘုရင် Abdullah II စသည့် နိုင်ငံအများအပြားမှ ခေါင်းဆောင်များသည် ရှင်ဇိုအာဘေးသေဆုံးမှုအပေါ် ဝမ်းနည်းကြောင်း ဖော်ပြခဲ့ကြသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက တရုတ် ပြည်ဘက်သည် ယင်းဖြစ်ရပ်အပေါ် တုန်လှုပ်အံ့သြကြောင်း၊ ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးသည် တရုတ်-ဂျပန်ဆက်ဆံမှု ကောင်းမွန်လာအောင် အကျိုးဆောင် ခဲ့ကြောင်း၊ မိမိတို့သည် ရှင်ဇိုအာဘေး မိသားစုအား ဝမ်းနည်းမှုနှင့် နှစ်သိမ့်မှု ဖော်ပြကြောင်း ပြောကြားသည်။
ဂျပန် TBS သတင်းဌာနမှ သတင်းအရ ရှင်ဇိုအာဘေး၏ ဈာပနကို ဇူလိုင်လ ၁၂ ရက်နေ့တွင် ကျင်းပမည်ဖြစ်သည်။