ဂျီ-၂၀ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် နိုင်ငံတကာ စားနပ်ရိက္ခာ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု အဆိုပြုချက်ကို တရုတ် တင်ပြ

(GMT+08:00)2022-07-09 14:47:20  


ဒေသစံတော်ချိန် ၈ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဂျီ-၂၀ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့ရာ စားနပ်ရိက္ခာနှင့် စွမ်းအင်လုံခြုံရေးဆိုင်ရာ တရုတ်ပြည်ဘက်၏ ရပ်တည်ချက်ကို ရှင်းလင်း ပြောကြားပြီး နိုင်ငံတကာ စားနပ်ရိက္ခာ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု အဆိုပြုချက်ကို တင်ပြခဲ့ကြောင်း၊ ယင်းအဆိုပြုချက်မှာ ကုလသမဂ္ဂ၏ ညှိနှိုင်းမှုကို ထောက်ခံခြင်း၊ FAO၊ IFADနှင့် WFPတို့၏ လုပ်ငန်းကို ထောက်ခံခြင်း၊ နိုင်ငံတကာ လယ်ယာ စိုက်ပျိုးရေး သုတေသနနှင့် ညှိနှိုင်းဆွေးနွေးရေး အဖွဲ့အစည်းများ၊ နိုင်ငံအသီးသီးတို့၏ လယ်ယာစိုက်ပျိုးရေး သိပ္ပံနည်းပညာဆန်းသစ်တီထွင်မှု ပူးပေါင်းဆောင်ရွက်ရေးကို ထောက်ခံခြင်း၊ အဆင့်မြင့် သိပ္ပံနည်းပညာကူးလူးဖလှယ်မှုအပေါ် ကန့်သတ်ချက်များကို လျှော့ချပေးခြင်း စသည်တို့ ပါဝင်ကြောင်း သိရပါသည်။
ဝမ်ယိက နိုင်ငံတကာစားနပ်ရိက္ခာလုံခြုံမှုအတွက် တရုတ်ပြည်ဘက်၏ အကျိုးဆောင်မှုကို ရှင်းလင်းမိတ်ဆက်ခဲ့သည်။ ယခုနှစ်အတွင်း တရုတ်ပြည်သည် လိုအပ်မှုရှိသော ဖွံ့ဖြိုးဆဲနိုင်ငံ များအား အရေးပေါ် စားနပ်ရိက္ခာထောက်ပံ့မှု တန်ပေါင်း ၁၅၀၀၀၀ ကျော် ပံ့ပူးခဲ့ပြီ ဖြစ်ပြီး စားနပ်ရိက္ခာလုံခြုံမှုအတွက် ဆက်လက် အကျိုးဆောင်မည်ဖြစ်ကြောင်း သိရပါသည်။