အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှုကသာ တရုတ်-အမေရိကန်ဆက်ဆံရေး တိုးတက်ရန် တစ်ခုတည်းသော မှန်ကန်သည့်ရွေးချယ်မှုဖြစ်ကြောင်း တရုတ်ဆို

(GMT+08:00)2022-07-09 14:41:04  

ယခုလ ၈ ရက်နေ့ ညနေပိုင်းက ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ကမ္ဘာ့အကြီးဆုံး စီးပွားရေးအုပ်စု နှစ်ခုနှင့် အချင်းချင်းအတွက် အရေးကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက်အနေနှင့် တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံသည် စီးပွါး ကုန်သွယ်ရေးတွင် နက်ရှိုင်းစွာ ရောနှောပေါင်းစပ်ထားကြောင်း၊ ၂၀၂၁ခုနှစ်တွင် တရုတ်-အမေရိကန် ကုန်သွယ်ရေးပမာဏသည် စံချိန်တင် ဖြစ်သော အမေရိကန်ဒေါ်လာ ဘီလီယံ ၇၅၀ ကျော်ထိ ရောက်ရှိပြီး အလားတူအချိန်ပိုင်းကထက် ၂၈.၇ ရာခိုင်နှုန်းတိုးလာကြောင်း၊ စီးပွါးကုန်သွယ်ရေးဘက်တွင် အပြန်အလှန် အကျိုးရှိခြင်းသည် တရုတ်-အမေရိကန် နှစ်နိုင်ငံအကြား ကြီးမားသော တူညီသောအကျိုးစီးပွါးတွင် နယ်ပယ်တစ်ခုသာ ဖြစ်ကြောင်း၊ အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှုကသာ တရုတ်-အမေရိကန်ဆက်ဆံရေး တိုးတက်ရန် တစ်ခုတည်းသော မှန်ကန်သည့်ရွေးချယ်မှုှုဖြစ်ပြီး နှစ်နိုင်ငံပြည်သူများနှင့် တစ်ကမ္ဘာလုံးအတွက် အကျိုးပြုနိုင်မည်ဟု လွန်ခဲ့သည့် နှစ်ဆယ်ပေါင်းများစွာအတွင်း တရုတ်-အမေရိကန်ဆက်ဆံရေးဖြစ်စဉ်က အပြည့်အဝ ပြသထားကြောင်း ပြောကြားခဲ့သည်။