Musk သည် Twitter ဝယ်ယူမှုကို အဆုံးသတ်

(GMT+08:00)2022-07-09 14:46:30  


Tesla ၏ CEO Elon Musk က Twitter သည် သဘောတူညီချက်ကို ပြင်းထန်စွာ ချိုးဖောက်ခြင်းကြောင့်  မိမိသည် Twitter ဝယ်ယူမှုကို အဆုံးသတ်မည်ဖြစ်ကြောင်း ဇူလိုင်လ ၈ ရက်နေ့က ပြောကြားသည်။
Twitter ဒါရိုက်တာဘုတ်အဖွဲ့ဥက္ကဋ္ဌ Brett Taylorက ဒါရိုက်တာဘုတ်အဖွဲ့သည် Musk နှင့် သဘောတူထားသောဈေးနှုန်းနှင့် သဘောတူညီချက်များအတိုင်း ဝယ်ယူမှု အကောင်အထည် ဖော်ဆောင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေပြီး တရားဥပဒေနည်းလမ်းဖြင့် ယင်းဝယ်ယူမှုကို တွန်းအားပေးမည်ဖြစ်ကြောင်း၊ Twitterကုမ္ပဏီသည် အောင်မြင်မှု ရရှိရန် ယုံကြည်စိတ် ရှိကြောင်း ပြောကြားသည်။