ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့စက်ရုံ။ အလွန်ကြီးမားသော ရေပေါ် ရေနံနှင့် သဘာဝဓါတ်ငွေ့ ထုတ်လုပ်သိုလှောင်ရေးသင်္ဘောကို တရုတ်နိုင်ငံ ကျန်းစူးပြည်နယ် ချီတုန်းမြို့တွင် အပ်နှင်းပြီး ဆိပ်ကမ်းမှ ထွက်ခွာ

(GMT+08:00)2022-07-09 14:42:51  


ဇူလိုင်လ ၈ ရက်နေ့တွင် ပင်လယ်ကင်းလှည့်သင်္ဘောနှင့် တွန်းသင်္ဘော ၆ စင်း၏ ဂရုတစိုက် ထိန်းသိမ်းမှု အောက်တွင် မလေးရှားနိုင်ငံ Yinson ကုမ္ပဏီအတွက် တရုတ် ချီတုန်း COSCO SHIPPING ကုမ္ပဏီမှ ပြန်လည်ပြင်ဆင်ထားသော အလွန်ကြီးမားသည့် ရေပေါ်ထုတ်လုပ်သိုလှောင်ရေးသင်္ဘော "FPSO Anna Nery" ကို တရားဝင်အပ်နှင်းပြီး ဆိပ်ကမ်းမှ ထွက်ခွာခဲ့သည်။
ပြန်လည်မွမ်းမံပြင်ဆင်ထားသည့် "FPSO Anna Nery" သည် စုစုပေါင်းအရှည် ၃၃၃ မီတာ၊ ပုံသွင်း အနံ ၅၈ မီတာ၊ ပုံသွင်းအနက် ၃၂ မီတာနှင့် ရေမျက်နှာပြင်အထက် အမြင့်ဆုံး ၁၄၈ မီတာခန့် အမြင့်ရှိသည်။ ၎င်းသည် ထုတ်လုပ်မှု၊ သိုလှောင်မှုနှင့် သယ်ယူမှု၊ ဝန်ထမ်းနေထိုင်ရာနှင့် ထုတ်လုပ်မှုအမိန့်တို့ကို ပေါင်းစပ်ထားသည်။ ၎င်းသည် ရေနံစိမ်းစည်ပေါင်း ၁ သန်း သိုလှောင်နိုင်ပြီး တစ်ရက်လျှင် ဓာတ်ငွေ့ ၃၉၇၅၀ ကုဗမီတာခန့် စီမံဆောင်ရွက်ပေးနိုင်ကာ ကမ်းလွန်ရေနံမြေများတွင် ၂၅နှစ်ကြာ ဆက်တိုက်လည်ပတ်နိုင်၍ စစ်မှန်သော ဧရာမ "ကမ်းလွန် ရေနံနှင့် သဘာဝဓာတ်ငွေ့ စက်ရုံ" ဖြစ်သည်။