ယူကရိန်းအား ထောက်ပံ့မှုပေးရန် ကန်ကာကွယ်ရေးအသုံးစရိတ် အများဆုံး ဒေါ်လာသန်း ၄၀၀ လျှော့ချဖို့ ဘိုင်ဒန် ခွင့်ပြု

(GMT+08:00)2022-07-09 14:40:26  

ဥပဒေအမျိုးမျိုးအရ ယူကရိန်းအား ထောက်ပံ့မှုပေးရန် အများဆုံး ဒေါ်လာသန်း ၄၀၀ တန်ဖိုးရှိ ကာကွယ်ရေး ပစ္စည်းများနှင့် ဝန်ဆောင်မှုများ၊ စစ်ရေးဆိုင်ရာသင်တန်းနှင့် လေ့ကျင့်ပျိုးထောင်မှုများအတွက် အသုံးစရိတ် လျှော့ချရန် အမေရိကန် သမ္မတဘိုင်ဒန်က ခွင့်ပြုခဲ့ကြောင်း ယခုလ ၈ ရက်နေ့က အမေရိကန်အိမ်ဖြူတော်က ကြေညာခဲ့သည်။
ယူကရိန်းမီဒီယာမှ ထုတ်ပြန်ချက်အရ အမေရိကန် အဆင့်မြင့် ကာကွယ်ရေးအရာရှိတစ်ဦးက အမေရိကန်သည် ယူကရိန်းအား နောက်ထပ် အမေရိကန်ဒေါ်လာ သန်း ၄၀၀ တန်ဖိုးရှိသော စစ်ရေးထောက်ပံ့မှုများ ပေးအပ်မည်ဖြစ်ပြီး တိကျမှု မြင့်မားသော တာဝေးပစ်လက်နက်များကို အဓိက ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ယခုလ ၈ ရက်နေ့က ပြောကြားခဲ့သည်။