၅ကြိမ်မြောက် BRICS မီဒီယာအဆင့်မြင့်ဖိုရမ်ကို Huang Kunming တက်ရောက်ပြီး မိန့်ခွန်းပြောကြား

(GMT+08:00)2022-07-09 14:42:09  

၅ ကြိမ်မြောက် BRICS မီဒီယာအဆင့်မြင့်ဖိုရမ်ကို ၈ရက်နေ့တွင် ပေကျင်း၌ ကျင်းပခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ပြန်ကြားရေးဝန်ကြီး Huang Kunming တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ပါသည်။
Huang Kunming က လက်ရှိ ရာစုနှစ်အပြောင်းအလဲနှင့် ကပ်ရောဂါသည် ရောယှက်နေပြီး လူသားတို့ အပေါ် စိန်ခေါ်မှုများ ဖြစ်လာစေကြောင်း၊ ခေတ်ကာလအလိုက် အပ်နှင်းထားသော တာဝန်ဝတ္တရားများကို ရင်ဆိုင်လျက် BRICS နိုင်ငံများမှ မီဒီယာများသည် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုအပေါ် အာရုံစိုက်ကာ စည်းလုံးညီညွတ်ပြီး တန်းတူညီမျှကာ လူများစွာ အကျိုးခံစားစေနိုင်သော ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးမှု မိတ်ဖက်ဆက်ဆံရေး ပူးတွဲထူထောင်ရေးကို မြှင့်တင်ရန်၊ ချစ်ကြည်ရေးပေါင်းကူးတံတားကို တည်ထောင်ပြီး သက်ညှာထောက်ထား၊ တံခါးဖွင့်ပြီး အတူအောင်နိုင်သော BRICSစိတ်ဓာတ်ကို ထွန်းကားစေကာ BRICS ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားပါသည်။