တရုတ်-အမေရိကန် ဆက်ဆံရေး၏ ကာကွယ်ရေး အရံအတားသည် တရုတ်-အမေရိကန် ပူးတွဲကြေညာချက် ၃ရပ်ဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို

(GMT+08:00)2022-07-08 18:16:58  

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမည်မဖော်လိုသော အဆင့်မြင့်အရာရှိ တစ်ဦးသည် မကြာမီက မီဒီယာများနှင့်တွေ့ဆုံရာတွင် အမေရိကန်နှင့် တရုတ် နှစ်နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံမှု၏ အဓိကရည်ရွယ်ချက်များမှ တစ်ချက်သည် နှစ်နိုင်ငံ ဆက်ဆံရေး၏ ကာကွယ်ရေး အရံအတားကို ခိုင်ခံ့စေရန်နှင့် နှစ်နိုင်ငံ ဆက်ဆံမှု အတွက် တည်ငြိမ်မှုကို ဖော်ဆောင်ပေးရန် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ယင်းနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက အမေရိကန်သည် ကာကွယ်ရေး အရံအတားကို အမြဲတမ်း ပြောပါကြောင်း၊ တရုတ်-အမေရိကန် ဆက်ဆံရေး၏ ကာကွယ်ရေး အရံအတားသည် တရုတ်-အမေရိကန် ပူးတွဲကြေညာချက် ၃ရပ် ဖြစ်ပါကြောင်း၊ အမေရိကန်အနေနှင့် လုပ်သင့်လုပ်ထိုက်သည်မှာ တရုတ်-အမေရိကန် ပူးတွဲကြေညာချက် ၃ရပ်နှင့် တရုတ်နိုင်ငံအပေါ် ထားရှိသော ကတိကဝတ်ကို ပြတ်ပြတ်သားသား လိုက်နာခြင်း ဖြစ်ကြောင်း ဇူလိုင်လ ၇ရက်နေ့က ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် အလေးထား ပြောကြားခဲ့ပါသည်။