အမေရိကန်၏ တရားမဝင် တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှုနှင့် “လက်တံရှည် တရားစီမံအုပ်ချုပ်ခြင်း” လုပ်ရပ်ကို တရုတ်နိုင်ငံက ဆန့်ကျင်

(GMT+08:00)2022-07-08 18:16:26  

အရှေ့အာရှဒေသသို့ ရေနံနှင့် ရေနံဓါတုပစ္စည်းများကို ပို့ဆောင်ပြီးရောင်းချရန်အတွက် တရုတ်နှင့် အာရပ်ဇော်ဘွားများနိုင်ငံကုမ္ပဏီများမှ အီရန် ကုမ္ပဏီအား ထောက်ပံ့ကူညီပေးမှုအပေါ် အမေရိကန်သည် မကြာသေးမီက ပိတ်ဆို့အရေးယူမှုများကို ချမှတ်ခဲ့ပါသည်။ ယင်းနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက အမေရိကန်၏ တရားမဝင် တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှုနှင့် “လက်တံရှည် တရားစီမံ အုပ်ချုပ်ခြင်း” လုပ်ရပ်ကို တရုတ်နိုင်ငံအနေနှင့် အမြဲ ပြတ်ပြတ်သားသား ဆန့်ကျင်ပါကြောင်း၊ အမေရိကန်ဘက်မှ ပိတ်ဆို့အရေးယူမှု အမြဲတမ်း အသုံးပြုသည့် မှားယွင်းသောလုပ်ရပ်ကို စွန့်လွှတ်ပြီး အီရန် နျူကလီးယား သဘောတူညီချက်နှင့် ပတ်သက်သည့် စေ့စပ်ညှိနှိုင်းမှု လုပ်ငန်းစဉ်ကို ပြန်လည်ဖော်ဆောင်ရန်အတွက် အပြုသဘောဆောင်သော စွမ်းအားကို ပံ့ပိုးပေးရန် တရုတ်နိုင်ငံက တိုက်တွန်းပါကြောင်း ဇူလိုင်လ ၇ရက်နေ့က ကျင်းပသော ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် အလေးထား ပြောကြားခဲ့ပါသည်။