ဂျီ-၂၀အုပ်စု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို အင်ဒို ဘာလီကျွန်း၌ ကျင်းပ

(GMT+08:00)2022-07-08 18:17:59  

ဒေသစံတော်ချိန် ဇူလိုင်လ ၈ရက်နေ့က ဂျီ-၂၀အုပ်စု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ စတင်ကျင်းပကြောင်း၊ ယခုအကြိမ် အစည်းအဝေး၏ ဆောင်ပုဒ်မှာ “ပိုမို ငြိမ်းချမ်းသော၊ တည်ငြိမ်သော၊ စည်ပင်သာယာသော ကမ္ဘာကို အတူတကွ ထူထောင်ခြင်း”ဖြစ်ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

၇ရက်နေ့မှစ၍ ဂျီ-၂၀အုပ်စုနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများသည် နှစ်ဖက် ဆွေးနွေးပွဲကို ရှေ့ဆင့်နောက်ဆင့် စတင်ကျင်းပလာပါသည်။