ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ရုရှားက ပယ်ချခြင်း မပြုသော်လည်း နှောင့်နှေးလေလေ စေ့စပ်ညှိနှိုင်းရေးမှာ ပိုမိုခက်ခဲလေလေဖြစ်ကြောင်း ပူတင်ဆို

(GMT+08:00)2022-07-08 17:58:28  

ရုရှားသမ္မတပူတင်က ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ရုရှားက ပယ်ချခြင်း မပြုသော်လည်း နှောင့်နှေးလေလေ စေ့စပ်ညှိနှိုင်းရေးမှာ ပိုမိုခက်ခဲလေလေဖြစ်ကြောင်း ၇ ရက်နေ့က ပြောကြားခဲ့ပါသည်။

ထိုနေ့က ရုရှားနိုင်ငံတော် ဒူးမား (အောက်လွှတ်တော်) ခေါင်းဆောင်များ၊ ပါတီအသီးသီးက တာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် ပူတင်က အမေရိကန် ဦးဆောင်သော အနောက်အုပ်စုက ဥရောပတွင် တန်းတူညီမျှ လုံခြုံရေးစနစ် ထူထောင်ရန် ရုရှား၏ အဆိုပြုချက်ကို ပယ်ချခဲ့ပြီး ဒုံးကျည်ကာကွယ်ရေးကိစ္စရပ်တွင် အတူတကွ ပူးပေါင်းရန် ငြင်းပယ်ကာ လက်ခံနိုင်ဖွယ်မရှိသော နေတိုး တိုးချဲ့မှုဆိုင်ရာ သတိပေးချက်ကို လျစ်လျူရှုခဲ့ကြောင်း၊ အနောက်နိုင်ငံများက စစ်မြေပြင်တွင် ရုရှားကို အနိုင်ယူချင်ပြီး “ယူကရိန်း နိုင်ငံသား နောက်ဆုံးတစ်ယောက် " ကျန်သည့်အထိ စစ်ဆင်မည်ဟု ပြောဆိုကာ ယင်းသည် ယူကရိန်းပြည်သူများအတွက် ကြေကွဲစရာဖြစ်ကြောင်း ပြောကြားပါသည်။