ယူကရိန်းတွင် ဇီဝဗေဒဆိုင်ရာ သုတေသနအတွက် အမေရိကန် ကာကွယ်ရေးဌာနက ဒေါ်လာ သန်း ၂၅၀ ကျော် အသုံးပြုခဲ့သည်ဟု ရုရှားဆို

(GMT+08:00)2022-07-08 17:59:01  

    ယမန်နေ့ ၇ ရက်နေ့က ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနမှ ကျင်းပခဲ့သော ကြားနာရေး အစည်းအဝေးတွင် (briefing) ရုရှားဖက်ဒရေးရှင်းတပ်မတော် တပ်မှူး အီကို ကီလီရော့ဗှက အမေရိကန် သည် နိုင်ငံတကာ သဘောတူညီချက်များကို ကျော်လွန်ပြီး စစ်ဘက်ဆိုင်ရာ ဇီဝဗေဒနည်းပညာ  တိုးမြှင့်ရေးမူဝါဒကို ဆက်လက် ဆောင်ရွက်နေကြောင်း၊ ၂၀၀၅ ခုနှစ်မှစ၍ ယူကရိန်းတွင် ဇီဝဗေဒဆိုင်ရာ သုတေသနအတွက် အမေရိကန် ကာကွယ်ရေးဌာနက ဒေါ်လာ သန်း ၂၅၀ ကျော် အသုံးပြုခဲ့ပြီဖြစ်ကြောင်း၊ ယူကရိန်းစစ်သားများသည် ပြင်းထန်သော ကူးစက်ရောဂါ အကဲဖြတ်မှု စမ်းသပ်မှုတွင် စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ခဲ့ပြီး စပ်သပ်မှုများတွင် ယင်းစစ်သားများသည် ဇီဝဓာတုဗေဒဆိုင်ရာ ညစ်ညမ်းမှုအခြေအနေအောက်တွင် တာဝန်ဆောင်ရွက်ရန် လိုအပ်ကြောင်း ဖော်ပြခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။