ဂျပန်ဝန်ကြီးချုပ်ဟောင်း Shinzo Abe ဒဏ်ရာပြင်းထန်လွန်း၍ ကုသမှု အထမမြောက်ဘဲ ကွယ်လွန်

(GMT+08:00)2022-07-08 17:57:31  


ဇူလိုင်လ ၈ ရက်နေ့တွင် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း Shinzo Abe သည် သေနတ်ပစ်ခံရပြီးနောက် ဒဏ်ရာပြင်းထန်လွန်း၍ ကုသမှု အထမမြောက်ဘဲ ကွယ်လွန်သွားခဲ့သည် ။ ကွယ်လွန်ချိန်တွင် အသက် ၆၇ နှစ် ရှိပြီ ဖြစ်သည်။
Shinzo Abe ကို ၁၉၅၄ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ရှေးရိုးစွဲနိုင်ငံရေးမိသားစုမှ ဆက်သက်လာခဲ့သည်။ ၎င်းသည် ၂၀၀၆ ခုနှစ် စက်တင်ဘာလတွင် ဂျပန်ဝန်ကြီးချုပ်အဖြစ် ပထမဆုံး တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် ထောက်ခံနှုန်း သိသိသာသာ ကျဆင်းခဲ့ခြင်းနှင့် အစာအိမ်အူလမ်းကြောင်း ရောင်ရမ်းခြင်းကြောင့် ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာခဲ့သည်။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် Shinzo Abe သည် ဂျပန်ဝန်ကြီးချုပ်အဖြစ် ထပ်မံတာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် သြဂုတ်လတွင် ကျန်းမာရေးအခြေအနေကြောင့် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခဲ့သည်။