ဗြိတိန်သည် စက်တင်ဘာလ အစောပိုင်းတွင် ဝန်ကြီးချုပ်သစ် ရွေးချယ်မည်

(GMT+08:00)2022-07-08 18:01:45  

ဒေသစံတော်ချိန် ယခုလ ၇ ရက်နေ့က ဗြိတိန် Financial Timesက ရွေးကောက်ပွဲ အစီအစဉ်နှင့်ပတ်သက်သည့် အချက်အလက်ကို ကိုးကား၍ ဗြိတိန် ကွန်ဆာဗေးတစ် ပါတီသည် စက်တင်ဘာလ အစောပိုင်းတွင် ဝန်ကြီးချုပ်သစ်ကို ရွေးချယ်မည်ဖြစ်ကြောင်း ဖော်ပြသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

ထိုနေ့တွင်ပင် ဗြိတိန်ဝန်ကြီးချုပ် ဂျွန်ဆင်သည် ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်နှင့် ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်မည်ဟု ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ယခုနှစ် ဆောင်းဦးရာသီ အထိပဲ ရာထူးတာဝန် ဆက်လက်ထမ်းဆောင်မည်ဖြစ်ကြောင်း ဖော်ပြသည်။