ကန်သည် အာကာသကို လက်နက်ဖြစ်စေရေးနှင့် စစ်ပွဲဆင်နွှဲရာနေရာဖြစ်စေရေး၏ အဓိက တွန်းအားပေးသူ ဖြစ် သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

(GMT+08:00)2022-07-08 18:00:07  

တရုတ်အာကာသလုပ်ငန်းနှင့်ပတ်သက်သော အမေရိကန် NASA ညွှန်ကြားရေးမှူးချုပ်၏ ပြောဆိုချက်နှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက အမေရိကန်နိုင်ငံအနေဖြင့် အဖြစ်မှန်ကို လျစ်လျူရှုပြီး တရုတ်နိုင်ငံကို မဟုတ်မမှန် ပုတ်ခတ်ပြောဆိုခြင်းကို ချက်ချင်း ရပ်စဲသင့်ကြောင်း၊ နိုင်ငံကြီးအနေဖြင့် ယူသင့်သောတာဝန်များကို ထမ်းဆောင်ပြီး တရုတ်-အမေရိကန် နှစ်နိုင်ငံ အာကာသပူးပေါင်းဆောင်ရွက်ရန်အတွက် အကျိုးရှိသည့် ကိစ္စရပ်များကို လုပ်သင့်ကြောင်း၊ အမေရိကန်အရာရှိ၏ ပြောဆိုချက်မှာ လုံးဝ မဟုတ်မှန်ကြောင်း၊ အမေရိကန်နိုင်ငံသည် အာကာသကို လက်နက်ဖြစ်စေရေးနှင့် စစ်ပွဲဆင်နွှဲရာနေရာ ဖြစ်စေရေး၏ အဓိက တွန်းအားပေးသူဖြစ်ပြီး အာကာသ ဦးဆောင်မှု မဟာဗျူဟာကို ရေရှည် ကျင့်သုံးလျက်ရှိကြောင်း၊ အာကာသ လက်နက် သုတေသနပြုမှုနှင့် ချထားရေးကို အင်တိုက်အားတိုက်ပြုလုပ်ပြီး အာကာသတွင် စစ်ရေးလေ့ကျင့်မှု ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့ကြောင်း ဇူလိုင်လ ၇ရက်နေ့က ပြောကြားခဲ့ပါသည်။

အမေရိကန် NASA ညွှန်ကြားရေးမှူးချုပ် Bill Nelsonက တရုတ်အာကာသ လုပ်ငန်းကို တပ်မတော်မှ ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး အမေရိကန်အာကာသဌာနကမူ ငြိမ်းချမ်းပြီး တံခါးဖွင့်ကာ နိုင်ငံတကာ ပါဝင်မှုရှိသော အရပ်ဖက်လုပ်ငန်းများကို ပြုလုပ်လျက် ရှိကြောင်း ဇူလိုင်လ ၅ရက်နေ့က ပြောကြားခဲ့ပါသည်။