တရုတ်သည် ယူကရိန်းအခြေအနေအပေါ် စိုးရိမ်မှု သုံးချက်ကို ဝမ်ယိ ပြောကြား

(GMT+08:00)2022-07-08 18:01:24  

ဒေသစံတော်ချိန် ဇူလိုင်လ ၇ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေး ဝန်ကြီးဝမ်ယိသည် ဘာလီကျွန်းတွင် G20 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ရာတွင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆိုကျယ်စိန်နှင့်  ယူကရိန်း ပြဿနာအပေါ် အမြင်ချင်း ဖလှယ်ကြကြောင်း၊ ဝမ်ယိက တရုတ်သည် ယူကရိန်း အခြေအနေအပေါ် စိုးရိမ်မှု သုံးချက်ကို ဖော်ပြကြောင်း၊ ယင်းမှာ-

၁။ အခွင့်အရေးယူပြီး စစ်အေးဝါဒဖြန့်ချိခြင်း၊ နိုင်ငံများအကြား ထိပ်တိုက်ရင်ဆိုင်စေခြင်းနှင့် စစ်အေးတိုက်ပွဲသစ် တွန်းအားပေးခြင်းကို ဆန့်ကျင်ကြောင်း၊

၂။ တရုတ်၏ အချုပ်အခြာအာဏာပိုင်ခွင့်နှင့် နယ်မြေတည်တံ့ပြည့်စုံမှုကို ထိခိုက်စေသည့် စံနှစ်မျိုး ကျင့်သုံးခြင်းကို ဆန့်ကျင်ကြောင်း၊

၃။ အခြားနိုင်ငံ၏ တရားဝင် ဖွံ့ဖြိုးတိုးတက်ရန် အခွင့်အရေးများ ထိခိုက်စေခြင်းကို ဆန့်ကျင်ကြောင်း ဖော်ပြသည်ဟု China Meida Groupမှ သတင်းအရ သိရါပသည်။