ကန်အနေနှင့် အမျိုးသမီးများ၏ ကိုယ်ဝန်ဖျက်ခွင့်ကို ကာကွယ်ရန် ဥရောပလွှတ်တော် ပန်ကြား

(GMT+08:00)2022-07-08 18:00:33  

ဥရောပလွှတ်တော် စုံညီအစည်းအဝေးတွင် ဇူလိုင်လ ၇ ရက်နေ့က ဆုံးဖြတ်ချက် တစ်ရပ်ကို အတည်ပြုခဲ့ရာ အမေရိကန်နိုင်ငံအနေနှင့် အမျိုးသမီးများ၏ ကိုယ်ဝန်ဖျက်ခွင့်ကို ကာကွယ်ရန် ပန်ကြားခဲ့ပါသည်။

ဥရောပလွှတ်တော်သည် ထောက်ခံမဲ ၃၂၄မဲ၊ ကန့်ကွက်မဲ ၁၅၅မဲ၊ ကြားနေမဲ ၃၈မဲဖြင့် အဆိုပါ ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ပါသည်။ ယင်းဆုံးဖြတ်ချက်တွင် အမေရိကန်နိုင်ငံအား အမျိုးသမီးအခွင့်အရေးနှင့် မျိုးပွားမှု ကျန်းမာရေး ကာကွယ်ထိန်းသိမ်းမှုဘက်တွင် နောက်ပြန်ဆုတ်ခြင်းကို အပြင်းအထန် ပြစ်တင်ရှုတ်ချကြောင်း၊ အမေရိကန်နိုင်ငံ၏ လက်ရှိအကျပ်အတည်းတွင် တရားဝင်ပြီး ဘေးကင်းသော ကိုယ်ဝန်ဖျက်ချခြင်း ပြုစုစောင့်ရှောက်မှု ထောက်ပံ့ပေးသူနှင့် အဆိုပြုသူများအား ထောက်ခံကြောင်း၊ ပြည်ထောင်စုအဆင့်တွင် ကိုယ်ဝန်ဖျက်ခွင့်ကို ကာကွယ်ထိန်းသိမ်းရန်အတွက် အမေရိကန် လွှတ်တော်အား ဥပဒေမူကြမ်းတစ်ရပ်ကို အတည်ပြုရန် ပန်ကြားကြောင်း ဖော်ပြပါသည်။ ဥရောပလွှတ်တော်သည် ကိုယ်ဝန်ဖျက်ခွင့်ကို ဥရောပသမဂ္ဂ၏ အခြေခံ အခွင့်အရေး ပဋိညာဉ် စာချုပ်တွင် ထည့်သွင်းရေးသားရန်လည်း ဥရောပသမဂ္ဂအား ပန်ကြားခဲ့ပါသည်။