ကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်- နေရောင်ခြည်စွမ်းအင်သုံး ဟိုက်ဘရစ် ဓာတ်အားပေး စက်ရုံကို စတင်တည်ဆောက်

(GMT+08:00)2022-07-08 17:58:03  

ဇူလိုင်လ ၈ ရက်နေ့တွင် ကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ် -နေရောင်ခြည် စွမ်းအင်သုံး ဟိုက်ဘရစ် ဓာတ်အားပေးစက်ရုံဖြစ်သည့် Yalong မြစ် Kela photovoltaic ဓာတ်အားပေး စက်ရုံအား တရားဝင် စတင်တည်ဆောက်ခဲ့သည်။ ယင်းသည် ကမ္ဘာပေါ်တွင် ရေအားလျှပ်စစ်-နေရောင်ခြည်စွမ်းအင်သုံး ဟိုက်ဘရစ် ဓာတ်အားပေးလုပ်ငန်းကို ကီလိုဝပ် တစ်သန်းအဆင့်သို့ ပထမဆုံးအကြိမ်အဖြစ် မြှင့်တင်ခြင်းဖြစ်ပြီး ကမ္ဘာ့ သန့်ရှင်းပြီး ပြန်လည် အသုံးပြုနိုင်သောစွမ်းအင် အတိုင်းအတာကြီးမားစွာ ဖေါ်ထုတ်သော စံပြအသစ်ဖြစ်မည် ဖြစ်သည်။

Kela photovoltaic ဓာတ်အားပေးစက်ရုံသည် စီချွမ်းပြည်နယ် Ganzi ဒေသ Yajiang ခရိုင်တွင် တည်ရှိပြီး အဆိုပါစီမံကိန်းကို စီချွမ်း အနောက်ကုန်းပြင်မြင့် ပင်လယ်ရေ မျက်နှာပြင်အထက် မီတာ ၄၀၀၀ နှင့် ၄၆၀၀ အကြားတွင် ဖြန့်ဖြူးပေးကာ ဧရိယာ ၁၆ စတုရန်း ကီလိုမီတာခန့်ရှိပြီး ငှက်သိုက်အားကစားကွင်း ၈၀ ခု၏ ဧရိယာနှင့် ညီမျှသည်။ ဓာတ်အားပေးစက်ရုံ၏ တပ်ဆင်နိုင်စွမ်းအားမှာ ကီလိုဝပ် ၁ သန်းဖြစ်ပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ယွမ် ၅ ဒသမ ၃ ဘီလီယံ ဖြစ်သည်။