ချုံချင့်မြို့ နန်ချွမ်းခရိုင်၌ နည်းပညာဖြင့် ဘလူးဘယ်ရီသီး စိုက်ပျိုးခြင်းကြောင့် ဝင်ငွေတိုးလာ

(GMT+08:00)2022-07-07 15:40:38  

ယခုအချိန်တွင် တရုတ်ပြည် ချုံချင်မြို့ နန်ချွမ်းခရိုင်သည် ဘလူးဘယ်ရီသီး ရိတ်သိမ်းသည့်အချိန် ရောက်လာပြီး ဒေသခံအစိုးရသည် ခေတ်မီသော စက်ပစ္စည်းများနှင့် လူမဲ့ အလုပ်ရုံများဖြင့် ရိုးရာစိုက်ပျိုးရေးမှနေ စမတ်ကျသောစိုက်ပျိုးရေးအဖြစ် အသွင်ပြောင်းစေပြီး ရွာသူရွာသားများ ဝင်ငွေ တိုးစေပါသည်။ လယ်သမားများ ခြေထောက်နားတွင် အော်တိုမက်တစ် ဆည်မြောင်းကိရိယာများ စနစ်တကျ လည်ပတ်နေပြီး စိုက်ပျိုးရေး မိုးလေဝသဌာနသည် ပတ်ဝန်းကျင်ဆိုင်ရာ သတင်းအချက်အလက်များကို အချိန်နှင့် တစ်ပြေးညီ စောင့်ကြည့်နေသည်။ အော်တိုမက်တစ် ထုတ်လုပ်မှုလိုင်းများ၊ လူမဲ့ သိုလှောင်ရုံစင်တာများဖြင့် နည်းပညာကို အခြေခံသော ဘလူးဘယ်ရီသီး စမတ်ကျစိုက်ပျိုးမှုနှင့် ဒီဂျစ်တယ် စီမံခန့်ခွဲမှုကို ပြုလုပ်ကာ စိုက်ပျိုးရေး အကျိုးသက်ရောက်မှုကို မြှင်တင်လာကြောင်း China Media Group မှ သတင်းအရ သိရပါသည်။