တရုတ်မှ အာဖဂန်အား ထောက်ပံ့ကူညီပေးသော ကယ်ဆယ်ရေးပစ္စည်းများ ၇ရက်နေ့တွင် အကုန်လုံး လွှဲပြောင်းပေးအပ်ပြီးစီးမည်ဟု တရုတ် ဆို

(GMT+08:00)2022-07-07 15:45:51  

ဇူလိုင်လ ၆ရက်နေ့ ညနေပိုင်းက ကျင်းပခဲ့သော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံမှ အာဖဂန်အား ထောက်ပံ့ကူညီပေးသော ကယ်ဆယ်ရေးပစ္စည်းများ အာဖဂန်သို့ ရှေ့ဆင့်နောက်ဆင့် ပို့ဆောင်ရောက်ရှိသော ကိစ္စနှင့် ပတ်သက်၍ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ဆွေမျိုးအချင်းချင်းသည် တစ်ဖက်သား ချမ်းမြေ့သာယာရန် မျှော်လင့်ပြီး အိမ်နီးချင်းအချင်းချင်းသည် တစ်ဖက်သား အန္တရာယ်ကင်းစေရန် မျှော်လင့်ကြောင်း၊ တောတောင်ရေမြေချင်း ဆက်စပ်သော မိတ်ဆွေကောင်းအနေဖြင့် တရုတ်အစိုးရနှင့် ပြည်သူများသည် အာဖဂန်ဘေးသင့်ဒေသမှ ပြည်သူများ၏ လုံခြုံရေးကို အမြဲတမ်း အာရုံစိုက်နေပြီး တုံ့ပြန်မှု ချက်ချင်းပြုလုပ်ကာ အာဖဂန် ဘေးပြီးကာလ ပြန်လည်တည်ဆောက်ရေးနှင့် ဘေးအန္တရာယ်ကို ကြိုတင် ကာကွယ်ရေးနှင့် လျှော့ချရေးအတွက် တတ်နိုင်သမျှ ဆက်လက် ကူညီပေးမည် ဖြစ်၍ အာဖဂန် တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးမှုကို အမြန်ဆုံး အကောင်အထည် ဖော်ရန် ထောက်ခံမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။