တရုတ်နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံး သတင်းစာရှင်းလင်းပွဲ ကျင်းပ

(GMT+08:00)2022-07-07 15:45:27  

      တရုတ်နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံးသည် ဇူလိုင်လ ၆ရက်နေ့က သတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့ရာ ဗဟို ဂေဟစနစ်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကြီးကြပ်စစ်ဆေးမှုတွင် ရရှိခဲ့သည့် အောင်မြင်မှုများကို ရှင်းလင်းဖော်ပြခဲ့ပါသည်။

သတင်းစာရှင်းလင်းပွဲတွင် တရုတ်ဂေဟစနစ်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်က ဗဟိုဂေဟစနစ်နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကြီးကြပ်စစ်ဆေးမှု ဆောင်ရွက်ခဲ့သည့် ၇နှစ်အတွင်းတွင် ပြဿနာကို ကိုင်တွယ်ဖြေရှင်းရန်၊ တာဝန်ယူရန် ကြီးကြပ်မှုဖြင့် အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုး တိုးတက်ရေးကို တွန်းအားပေးလျက် ရှိကြောင်း၊ ကြီးကြပ်မှုဖြင့် ယန်ဇီမြစ် စီးပွားရေးဇုန်ရှိ ပြည်နယ်နှင့် မြို့၁၁ ခုတွင် ယန်ဇီမြစ် ကမ်းရိုးတန်း ၄၅၇ကီလိုမီတာကို ပြန်သိမ်းပြီး ဒေသခံဂေဟစနစ်နှင့် ပတ်ဝန်းကျင်အရည်အသွေးကို မြှင့်တင်ကာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နေရာဖယ်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။