အကြိမ် ၅၀ မြောက် ကုလလူ့အခွင့်အရေးကောင်စီ ဗီဒီယိုအစည်းအဝေး ကျင်းပ

(GMT+08:00)2022-07-07 15:46:48  

ရာသီဥတုပြောင်းလဲမှုကို တက်ကြွစွာ ရင်ဆိုင်ပြီး လူသားတို့ ဆက်တိုက် ဖွံ့ဖြိုး တိုးတက်နိုင်ရေးကို တွန်းအားပေးခြင်း ဟူသော အကြိမ် ၅၀ မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ဗီဒီယို အစည်းအဝေး Side Event ကို ဇူလိုင်လ ၆ရက်နေ့က ကျင်းပခဲ့ပါသည်။ Side Event သို့ တက်ရောက်သူများက ရာသီဥတုပြောင်းလဲမှုကြောင့် တစ်ကမ္ဘာလုံး ဖွံ့ဖြိုးတိုးတက်ရေးသည် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း၊ ဘက်အသီးသီးတို့သည် သဘောတူညီမှုကို ရရှိပြီး ထိရောက်သော နည်းလမ်းများကို ရှာကြံဆောင်ရွက်ကာ ရာသီဥတုပြောင်းလဲမှုပြဿနာကို အတူတကွ ရင်ဆိုင်ရန်လိုကြောင်း ယူဆကြပါသည်။

ယခုအကြိမ် Side Eventသည် ပိုမိုများပြားသော သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ကိုယ်စားလှယ်များအတွက် ကူးလူးဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ပလက်ဖောင်း ကို တည်ဆောက်ပေးခဲ့ပါသည်။ ဘက်အသီးသီးတို့က တက်ကြွစွာ ပါဝင်ပြီး အတူတကွ ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် ရာသီဥတုပြောင်းလဲမှု ဟူသော တစ်ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုကို ရင်ဆိုင်၍ လူသားတို့ ဆက်တိုက် ဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက် အဆက်မပြတ် ကြိုးပမ်း ဆောင်ရွက်လိုကြောင်း ဖော်ပြခဲ့ကြပါသည်။