ကမ်းစုပြည်နယ် ယူကျွန်း ကုန်းပြင်မြင့်ဒေသရှိ နွေရာသီ ဟင်းသီးဟင်းရွက်များ ဈေးကွက်သို့ ဝင်ပြီး နည်းပညာဖြင့် စိုက်ပျိုးခြင်းကြောင့် အရည်အသွေးမြင့်မား

(GMT+08:00)2022-07-07 15:39:54  

ကမ်းစုပြည်နယ် ယူကျွန်းဒေသသည် ထူးခြားသော ကုန်းပြင်မြင့်ဒေသ ရာသီဥတုနှင့် ဆီလီနီယမ် ကြွယ်ဝသော အရည်အသွေးမြင့် မြေသြဇာရှိသည်။ ရေရှားပါးသော တရုတ် အနောက်မြောက်ပိုင်းဒေသ၌ တည်ရှိသော်လည်း ရေ ချွေတာရေးနည်းပညာဖြင့် ကုန်းပြင်မြင့်ဒေသ နွေရာသီ ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးထားသည်။ ယခုအချိန်သည် ကုန်းပြင်မြင့်ဒေသ နွေရာသီ ဟင်းသီးဟင်းရွက်များ ဈေးကွက်သို့ ဝင်ရောက်သည့်အချိန် ဖြစ်ပြီး ယူကျွန်းဒေသမှ စမတ်ကျသော ဖန်လုံအိမ်တစ်ခုတွင် ဆလတ်ပင်ပေါင်း ၁ သိန်းခန့် ရှင်သန်ကြီးထွားလျက်ရှိသည်။ ရေရှားပါးသော နေရာများတွင် ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးမှာ အဆင့်မြင့် ဟိုက်ဒရိုပိုနစ် စိုက်ပျိုးရေး နည်းပညာကို အသုံးချပြီး မူလ ဖန်လုံအိမ် စိုက်ပျိုးမှုထက် ရေ ၈၅ ရာခိုင်နှုန်းခန့် ချွေတာနိုင်ကြောင်း သိရပါသည်။