အီရန်နိုင်ငံသည် နိုင်ငံခြားသားအချို့အား သူလျှိုမှုဖြင့် ဖမ်းဆီး

(GMT+08:00)2022-07-07 15:42:49  

အီရန်နိုင်ငံ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) သည် အီရန်နိုင်ငံဆိုင်ရာ သံတမန် အရာရှိများ အပါအဝင် နိုင်ငံခြားသားအချို့ကို ဖမ်းဆီးခဲ့ကြောင်း၊ အကြောင်းရင်းမှာ  ယင်း နိုင်ငံခြား သားများသည် ကန့်သတ်ထားသော နယ်မြေအတွင်း မြေနမူနာများ စုယူသဖြင့် သူလျှိုလှုပ်ရှားမှု ပြုလုပ်ခြင်း ဖြစ်ကြောင်း အီရန် အစ္စလာမ္မစ်သမ္မတနိုင်ငံ သတင်းဌာနက ၆ ရက်နေ့ ညက ထုတ်ပြန်သော သတင်းကို ကိုးကားပြီး ဆင်ဟွာသတင်းအရ သိရပါသည်။