ဝေလ် ဝန်ကြီး နုတ်ထွက်ကြောင်း ကြေညာ

(GMT+08:00)2022-07-07 15:41:33  

ဗြိတိန်ဝန်ကြီးချုပ် ဂျွန်ဆင်သည် ရာထူးမှ နုတ်ထွက်ရန် ငြင်းဆိုပြီးနောက် ဇူလိုင်လ ၆ ရက်နေ့ ညတွင်  ဗြိတိန် ဝေလ်ဒေသရေးရာ ၀န်ကြီး ဆိုင်မွန်ဟတ်က ၎င်း၏ ရာထူးမှ နုတ်ထွက်စာကို ပေးအပ်ခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

ဝန်ကြီးချုပ် ဂျွန်ဆင်အပေါ်  အယုံအကြည် မရှိမှုကြောင့် အစိုးရ အရာရှိ ၄၀ ကျော် ရာထူးမှ နုတ်ထွက်ခဲ့ပြီး အစိုးရ အရာရှိ စုစုပေါင်း၏ ငါးပုံတစ်ပုံကျော် ပါရှိကြောင်း သတင်း ရရှိပါသည်။