အိန္ဒိယသည် အိန္ဒိယရှိ တရုတ်ကုမ္ပဏီများအတွက် ခွဲခြားမှု မရှိသော စီးပွားရေး ပတ်ဝန်းကျင် ဖန်တီးပေးနိုင်ရန် မျှော်လင့်ကြောင်း တရုတ်ဆို

(GMT+08:00)2022-07-07 15:38:29  

ယခုလ ၆ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းသည် ပုံမှန်သတင်းစာရှင်းလင်းပွဲကို ဦးစီးကျင်းပခဲ့သည်။ အိန္ဒိယ တရားဥပဒေစိုးမိုးရေးဌာနက တရုတ် မိုဘိုင်းလ်ဖုန်း ထုတ်လုပ်သူ vivo နှင့် သက်ဆိုင်ရာကုမ္ပဏီများမှ ထုတ်လုပ်မှုနှင့် ရောင်းချမှုနေရာများသို့ ရုတ်တရက် ဝင်ရောက် စစ်ဆေးခဲ့သော သတင်းဖော်ပြချက်နှင့်စပ်လျဉ်း၍ တရုတ်ပြည်က မည်သို့ သုံးသပ်မည်နည်းဟု သတင်းထောက်များက မေးမြန်းခဲ့သည်။

တရုတ်အစိုးရသည် တရုတ်ကုမ္ပဏီများအား ဥပဒေနှင့် စည်းမျဉ်းများနှင့်အညီ ပင်လယ်ရပ်ခြားတွင် လုပ်ကိုင်ရန် အမြဲတမ်း ပန်ကြားကြောင်း၊ တစ်ချိန်တည်းတွင် တရုတ်ကုမ္ပဏီများအား ၎င်းတို့၏ တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားများကို အကာအကွယ်ပေးရန် တရုတ်အစိုးရမှ အခိုင်အမာ ထောက်ခံကြောင်း တရုတ်ဘက်မှ ကြိမ်ပေါင်းများစွာ အလေးထားဖော်ပြခဲ့သည်ဟု ကျောက်လိကျန်းက ပြောကြားခဲ့သည်။