သြစတြေးလျတွင် မိုးဆက်တိုက်ရွာခြင်းကြောင့် ရေကြီးရေလျှံမှုဖြစ်ပွား

(GMT+08:00)2022-07-07 15:44:16  

ဒေသစံတော်ချိန် ၂၀၂၂ခုနှစ် ဇူလိုင်လ ၆ ရက်နေ့က သြစတြေးလျ ဆစ်ဒနီ ရှိ ဟော့ခစ်ပိုရီ မြစ် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သည်။ မကြာခင်က သြစတြေးလျ နယူးဆောက်ဝေးပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆစ်ဒနီအနောက်ပိုင်းနှင့် အနောက်တောင်ပိုင်းအချို့ဒေသတွင် အဆောက်အဦများနှင့် လမ်းများ ရေမြုပ်ခဲ့သဖြင့် လူ ၅သောင်းခန့်သည် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် တောင်းဆိုခဲ့ကြောင်း သတင်းအရ သိရပါသည်။