ကူဝိတ်သည် Carcharias Taurus ငါးမန်းနှစ်ကောင်ကို အောင်မြင်စွာ မွေးမြူကြောင်း ကြေညာ

(GMT+08:00)2022-07-07 15:43:49  

ကူဝိတ်သိပ္ပံစင်တာသည် Carcharias Taurus ငါးမန်းနှစ်ကောင်ကို အောင်မြင်စွာ မွေးမြူနိုင်ခဲ့ကြောင်း ၅ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ကြေညာခဲ့သည်။ Carcharias Taurus ငါးမန်းကို ကမ္ဘာ့ သဘာဝထိန်းသိမ်းကာကွယ်ရေးသမဂ္ဂ(IUCN )၏ မျိုးပြုန်းမည့် အန္တရာယ်ရှိနေသည့် မျိုးစိတ်များစာရင်းတွင် “အသည်းအသန်အန္တရာယ်ရှိ”သောမျိုးစိတ်အဖြစ် စာရင်းသွင်းထားသည်။