ရှင်းကျန်း အီလီမြစ်ချိုင့်က apricot အသီး ခူးသောရာသီသို့ ရောက်ရှိနေပြီဖြစ်ပြီး သေးငယ်သော အသီး များသည် လုပ်ငန်းကြီးတစ်ခုအဖြစ် တဖြည်းဖြည်း ကြီးထွားလာ

(GMT+08:00)2022-07-07 15:43:27  

ဇူလိုင်လကို ဝင်ရောက်ပြီးနောက် ရှင်းကျန်းဒေသအရပ်ရပ်တွင် အသီးခူးသော ရာသီသို့ ရောက်ရှိလာပါသည်။ ရှင်းကျန်းမြောက်ပိုင်းရှိ အီလီမြစ်ချိုင့်တွင် apricot အသီး ခူးသောရာသီသို့ ရောက်ရှိနေပြီဖြစ်သည်။ ဟို့ချင် ခရိုင်သည် ရှင်းကျန်း အီလီမြစ်ချိုင့်၏ အနောက်ဘက်တွင် တည်ရှိပြီး မို ၄၀၀၀နီးပါးရှိသော apricot ကို စိုက်ပျိုး ထားသည်။ ယင်း apricot အမျိုးအစားသည် တဖြည်းဖြည်း လုပ်ငန်းကြီးတစ်ခု ဖြစ်လာသည်နှင့်အမျှ လူအတော်များများက ချိုချဉ်ဖြစ်ပြီး အရသာထူးခြားသော apricot ကို မြည်းကြည့်နိုင်သည့်အပြင် ပိုမိုများပြားသောလူက ယင်းလုပ်ငန်းကနေ ဝင်ငွေ တိုးများပြီး ချမ်းသာလာနိုင်သည်။