အမေရိကန်ဂြိုဟ်တုတစ်လုံးသည် လကမ္ဘာသို့ သွားရောက်စဉ် ပျောက်ဆုံး

(GMT+08:00)2022-07-07 15:44:39  

ဇူလိုင်လ ၅ ရက်နေ့က အမေရိကန် အမျိုးသား အာကာသဦးစီးဌာနသည် အမေရိကန်ဒေါ်လာ ၃၂.၇ သန်း တန်ဖိုးရှိသော ဂြိုဟ်တုတစ်လုံးနှင့် အဆက်အသွယ်ပြတ်ခဲ့သည်။ ဖြစ်ရပ်ဖြစ်ပွားချိန်တွင် ယင်းဂြိုဟ်တုက လကမ္ဘာပတ် လမ်းကြောင်းကို စမ်းသပ်ရန် တာဝန်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ အမေရိကန် အမျိုးသား အာကာသ ဦးစီးဌာနမှ ထုတ်ပြန်ချက်အရ ပျောက်ဆုံးနေသော ဂြိုဟ်တုသည် CAPESTONE ဂြိုဟ်တု ဖြစ်ပြီး အစီအစဉ်အရ ၄ ရက်နေ့က ကမ္ဘာပတ်လမ်းကြောင်းမှ ခွဲထွက်ပြီး လကမ္ဘာသို့ သွားရောက်နေသည်ဟု ဖော်ပြကြောင်း သတင်းအရ သိရပါသည်။