ယခုလ ၄ ရက်နေ့က အမျိုးသမီးများ၏ လွတ်လပ်စွာ ကိုယ်ဝန်ဖျက်ချခွင့်ကို ထောက်ခံသူများသည် အမေရိကန် နယူးယောက်မြို့တွင် လှည့်လည်ဆန္ဒပြ ခဲ့ကြသည်။ အမေရိကန် အမြင့်ဆုံး တရားရုံးသည် လွန်ခဲ့သည့် နှစ် ၅၀ ခန့်တုန်းက ချမှတ်ခဲ့သော “Roe v. Wade” စီရင်ချက်အား ဇွန်လ ၂၄ ရက်နေ့က ပယ်ချခဲ့ရာ၊ အမျိုးသမီးများ၏ လွတ်လပ်စွာ ကိုယ်ဝန်ဖျက်ချခွင့်အား အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေမှ အကာ အကွယ်ပေးထားမှုကို ဖျက်သိမ်းခဲ့သောကြောင့် ကျယ်ပြန့်သော အငြင်းပွားမှုများ ဖြစ်စေခဲ့သည်။