လာမည့်နှစ်တွင် ကန် စီးပွားရေးကျဆင်းမှု ဖြစ်နိုင်ခြေ ၃၈ ရာခိုင်နှုန်းဖြစ်လာသည်ဟု Bloomberg က ခန့်မှန်းထား

(GMT+08:00)2022-07-06 15:36:27  

    Bloomberg ၏ နောက်ဆုံးခန့်မှန်းချက်အရ အမေရိကန် စားသုံးသူယုံကြည်မှု ကိန်းဂဏန်းသည် သမိုင်းတွင် အနိမ့်ဆုံးဖြစ်လာခြင်းနှင့် ဘဏ်အတိုးနှုန်းတက်လာခြင်းကြောင့် လာမည့် ၁၂လတွင် အမေရိကန် စီးပွားရေး ကျဆင်းမှု ဖြစ်နိုင်ခြေမှာ ၃၈ ရာခိုင်နှုန်းအထိ တိုးလာကြောင်း၊ ကုမ္ပဏီများ၏ အမြတ်အစွန်း ရရှိနိုင်စွမ်း အားနည်းခြင်းနှင့် စားသုံးသူယုံကြည်မှု သိသိသာသာ ယိုယွင်းလာခြင်းတို့သည် စီးပွားရေးကျဆင်းမှု ဖြစ်နိုင်ခြေ တိုးမြင့်လာမှု၏ အဓိကအကျဆုံး အချက် ဖြစ်ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။