“အမေရိကန်”တံဆိပ်ဖြစ်သည့် “စစ်ပွဲအင်ဂျင်”မှာ သက်သေအထောက်အထားသစ် ထပ်မံ တွေ့ရှိ

(GMT+08:00)2022-07-06 15:35:45  

အမေရိကန်The Intercept ဝက်ဘ်ဆိုက်မှ မကြာခင်က ထုတ်ပြန်ခဲ့သော သတင်းအရ ၂၀၁၇ခုနှစ်မှ ၂၀၂၀ပြည့်နှစ်အထိ အမေရိကန်သည် “127e”ဟူသော အစီအစဉ်ဖြင့် တစ်ကမ္ဘာလုံးတွင် agent စစ်ပွဲ ၂၃ကြိမ်ထက်မနည်းကို သွေးထိုးလှုံ့ဆော်ဆင်နွဲှခဲ့ပြီး ယင်းစစ်ပွဲများအနက် ၁၄ကြိမ်ထက်မနည်းသည် အရှေ့အလယ်ပိုင်းနှင့် အာရှနှင့် ပစိဖိတ် ဒေသများတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းသတင်းသည် တကယ့်အဖြစ်မှန်နှင့် ကိုက်ညီပါက လွန်ခဲ့သည့် နှစ်ပေါင်းများစွာတွင် အမေရိကန်မှ တစ်ကမ္ဘာလုံး၌ agentစစ်ပွဲကို သွေးထိုးလှုံ့ဆော်သည့် ခိုင်လုံသော သက်သေအထောက်အထား နောက်တစ်ခု ဖြစ်ပြီး အမေရိကန်က ကမ္ဘာပေါ်တွင် အကြီးဆုံး ရုန်းရင်းဆန်ခတ်မှု ဖန်တီးသူ ဖြစ်ခြင်းကို တစ်ဆင့်တိုး သက်သေပြနေသည်။

agentစစ်ပွဲဆိုသည်မှာ နိုင်ငံကြီး အချို့သည် ပဋိပက္ခတွင် တိုက်ရိုက်ပါဝင်ခြင်းကို ရှောင်ရှားရန်အတွက် agentဘက်ကို အားပေးထောက်ခံပြီး စိုင်းပြင်းလှုံ့ဆော်စေသော စစ်ပွဲ ဖြစ်သည်။ ရည်ရွယ်ချက်မှာ အနည်းဆုံးသော စွန့်စားမှုဖြင့် အများဆုံးသော အကျိုးစီးပွားကို ရရှိရန် ဖြစ်သည်။ ဒုတိယ ကမ္ဘာစစ်အပြီး စစ်အေးကာလ စတင်ခဲ့သည့် နောက်ပိုင်းတွင် agentစစ်ပွဲသည် ကမ္ဘာတစ်ဝန်း အချင်းပွားမှုများတွင် အဓိက ပုံစံမျိုး တဖြည်းဖြည်း ဖြစ်လာပြီ ဖြစ်သည်။

ယခုအကြိမ် The Intercept ဝက်ဘ်ဆိုက်မှ ထုတ်ပြန်သည့် သတင်းသည် လွန်ခဲ့သည့် နှစ်ဆယ်ချီတွင် အမေရိကန်၏ ပြုမူဆောင်ရွက်ချက် ထုထည်ကြီး၏ တစ်စွန်းတစ်စမျှပင် ဖြစ်သည်။ အရှေ့အလယ်ပိုင်းဒေသတွင်ရော၊ အရှေ့ဥရောပတွင်ရော၊ လက်တင် အမေရိကတွင်ပါ တစ်ကမ္ဘာလုံး ဒေသ အနှံ့အပြားရှိ အခြေအနေ ရှုပ်ထွေးမှုတိုင်း၏ နောက်ကွယ်တွင် အမေရိကန်၏ ပါဝင်မှု ရှိသည်။ ယင်းရှုပ်ထွေးမှုများ၏ ဆိုးကျိုးမှာ agentနှင့် ပစ်မှတ်ထား နိုင်ငံများသည် မတည်မငြိမ်ဖြစ်မှုနှင့် အချင်းပွားမှုများ အတွင်း ကျရောက်ပြီး အပြစ်မဲ့ အရပ်သူအရပ်သားများ အသက်ဆုံးရှုံးကာ ဒေသတွင်း အခြေအနေ ပိုမိုရှုပ်ထွေးဆိုးရွားလာခြင်း ဖြစ်သည်။

ငွေကြေးရင်းမြစ်နှင့် ဗိုလ်ကျလွှမ်းမိုးရေးအာဏာကိုသာ အာရုံစိုက်သည့် အမေရိကန် နိုင်ငံရေး သမားများသည် စစ်ပွဲ စွဲလမ်းသွားခြင်းကြောင့် ကြီးမားသည့် ဆုံးရှုံးနစ်နာမှု ရရှိမည် ဖြစ်သည်။