တရုတ်၏ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေးမူဝါဒသည် တရုတ်အတွက်ရော၊ ကမ္ဘာအတွက်ပါ အကျိုးသက်ရောက်မှုရှိသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို

(GMT+08:00)2022-07-06 15:29:37  

တရုတ်ဒုဝန်ကြီးချုပ် လျူဟေ့သည် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Yellen နှင့် ဗီဒီယိုအသွင်ပုံစံဖြင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ သက်ဆိုင်ရာမေးခွန်းများကို ဖြေကြားရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက တရုတ်နိုင်ငံအား "ဈေးကွက်နှင့် လိုက်လျောညီမှု မရှိသော ကုန်သွယ်ရေး ပြုမူမှု"ဟု စွပ်စွဲသည့် အမေရိကန်၏ သတင်းထုတ်ပြန်ချက်များကို သတိပြုမိပြီး အမေရိကန်၏ ထုတ်ပြန်ချက်သည် မဟုတ်မှန်ကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

ကျောက်လိကျန်းက လွန်ခဲ့သည့်နှစ်ပေါင်း ၄၀အတွင်း အချက်အလက်များအရ တရုတ်နိုင်ငံ၏ စီးပွားရေးအောင်မြင်မှုသည် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေး ပေါ်လစီ၏ အောင်မြင်မှုဖြစ်သလို ဈေးကွက်စနစ်၏ အခန်းကဏ္ဍနှင့် အစိုးရ၏ အခန်းကဏ္ဍ တို့ကို ထိရောက်စွာ ပေါင်းစပ်အောင်မြင်မှု ဖြစ်ကြောင်း ပြသခဲ့ကြောင်း၊ ယင်းသည် တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဖိုးတန်သော အတွေ့အကြုံတစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။