တရုတ်-ထိုင်း နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေးပွဲမှ ရရှိသော အရေးကြီး သဘောတူညီမှုများနှင့် ပတ်သက်ပြီး ဝမ်ယိ ပြောဆို

(GMT+08:00)2022-07-06 15:31:12  

ဒေသစံတော်ချိန် ဇူလိုင်လ ၅ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဗန်ကောက်မြို့၌ ထိုင်းဒုဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဒွန်နှင့် တွေ့ဆုံဆွေးနွေးပြီး သတင်းစာရှင်းလင်းပွဲ ပူးတွဲပြုလုပ်ခဲ့ရာ ဝမ်ယိက ယခုနှစ်သည် တရုတ်-ထိုင်း ဘက်စုံမဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှု တည်ထောင်ခဲ့သည့် ၁၀ နှစ်ပြည့် ဖြစ်ကြောင်း၊ နှစ်နိုင်ငံဆက်ဆံမှုသည် တည်ငြိမ်စွာ တိုးတက်လာပြီး ရှေ့အလားအလာ ကောင်းမွန်ကြောင်း၊ ယခုအကြိမ် ထိုင်းခရီးစဉ်အတောအတွင်း နှစ်ဖက်တို့သည် မဟာဗျူဟာမြောက် နက်ရှိုင်းစွာ ကူးလူးဖလှယ်ပြီး တရုတ်-ထိုင်း ကံကြမ္မာအသိုက်အဝန်း လက်တွဲတည်ဆောက်ရေး၊ တရုတ်-လာအို-ထိုင်း ရထားလမ်း အမြန်ဆုံးလည်ပတ်ရန် လက်တွဲ အကောင်အထည်ဖော်ဆောင်ရေး၊ ဆိုက်ဘာလုံခြုံမှုကို လက်တွဲထိန်းသိမ်း ကာကွယ်ရေးနှင့် အေပက်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေး တွင် အပြုသဘောဆောင်သော အောင်ကျိုးရလဒ်များကို ရရှိရန် လက်တွဲတွန်းအားပေးရေး စသည့် အရေးကြီး သဘောတူညီချက်လေးရပ် ရရှိခဲ့ကြောင်း ပြောကြားသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။