လန်ချန်း-မဲခေါင် ၆ နိုင်ငံသည် အရည်အသွေးကောင်းမွန်သော Belt and Road စံနမူနာပြုဇုန်ကို လက်တွဲတည်ထောင်ရန် အတူကြိုးပမ်းမည်ဟု တရုတ်ဆို

(GMT+08:00)2022-07-06 15:30:11  

ယခုလ ၅ ရက်နေ့က ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းသည် ယခုလ ၄ ရက်နေ့က ကျင်းပသော လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး ၇ ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးဆိုင်ရာ အကြောင်းအရာများကို  မိတ်ဆက်ခဲ့ရာ ၆ နိုင်ငံသည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အရည်အသွေးနှင့် အဆင့်အတန်းမြင့်တင်ရန် တွန်းအားပေးပြီး အရည်အသွေးကောင်းမွန်သော Belt and Road စံနာမူနာပြုဇုန်၊ ကမ္ဘာ့ဖွံ့ဖြိုးရေး ဆိုင်ရာ အဆိုပြုချက်များ ရှေ့ပြေးဆောင်ရွက်ရေးဇုန်နှင့် ကမ္ဘာ့ လုံခြုံရေး အဆိုပြုချက် ပူးပေါင်းဆောင်ရွက်မှုဇုန်ကို လက်တွဲတည်ထောင်ရန်၊ ပိုမိုခိုင်မာသော လန်ချန်း-မဲခေါင် မြစ်ဝှမ်းတစ်လျှောက်ရှိ စီးပွါးရေးတိုးတက်မှုဇုန်ကို တည်ဆောက်ပြီး ပိုမိုရင်းနှီးသော လန်ချန်း-မဲခေါင် နိုင်ငံများ ကံကြမ္မာအသိုက်အဝန်းကို တည်ထောင်ရန် လက်တွဲ ကြိုးပမ်းမည်ဟု ပြောကြားခဲ့ကြောင်း သိရပါသည်။