ပျားမွေးမြူရေးသမားများ၏ "ချိုမြိန်သော" လုပ်ငန်းစဉ်

(GMT+08:00)2022-07-06 15:32:56  

ဇူလိုင်လကို ဝင်ရောက်သည့်အချိန်တွင် တရုတ်နိုင်ငံ ချင်းဟိုင်ပြည်နယ် မင်ယွမ်-ဟွေ တိုင်းရင်းသား လူမျိုးစုကိုယ်ပိုင်အုပ်ချုပ်ရေးခရိုင်တွင် မို တစ်သောင်းရှိသော မုန်ညှင်းပန်းများ ပွင့်နေပြီ ဖြစ်ပါသည်။ စီချွမ်းပြည်နယ် ဒေယန်မြို့မှ ပျားမွေးမြူသူ ဖုန်ရွေ့ရွှမ်းသည် ယင်းပန်းခင်းတွင် အလုပ်ကြိုးစားနေပါသည်။ သူသည် အသက် ၅၉နှစ်ရှိပြီး ပျားမွေးမြူရေးလုပ်ငန်းတွင် နှစ် ၃၀ ကျော်ကြာ လုပ်ကိုင်ခဲ့သူ ဖြစ်ပါသည်။ နှစ်စဉ် နွေဦးရာသီ ရောက်ခါနီးတွင် သူသည် ပျားအုံများနှင့် ရွက်ဖျင်တဲ စသည့် ကိရိယာများကို ထရပ်ကားများပေါ်သို့ တင်ပြီး ပန်းပွင့်ရာသီကို လိုက်ရန် စီချွမ်း၊ ရှမ်ရှီး၊ ကန်းစုနှင့် ချင်းဟိုင် စသည့်ဒေသများသို့ သွားပါသည်။ လွန်ခဲ့သည့်နှစ်များတွင် သူသည် ပျားမွေးမြူရေးကို လုပ်ဆောင်ခြင်းဖြင့် နှစ်စဉ် ယွမ် ၆ သောင်းကျော် ဝင်ငွေရရှိပြီး မကြာသေးမီက မြို့ထဲတွင် အိမ်တစ်လုံးကို ဝယ်ယူခဲ့ပါသည်။