တရုတ်နိုင်ငံ ကျက်ကျန်းပြည်နယ် ဟန်ကျိုးမြို့ရှိ အာရှအားကစားရုံ ၃ ရုံသည် အများပြည်သူ ကြည့်ရှုနိုင်ရန် ဖွင့်လှစ်ထား

(GMT+08:00)2022-07-06 15:35:07  

မကြာသေးမီက ကျက်ကျန်းပြည်နယ် ဟန်ကျိုးမြို့ အိုလံပစ်အားကစားစင်တာ အားကစားရုံ၊ ရေကူး အားကစားရုံနှင့် အထွေထွေလေ့ကျင့်ရေး အားကစားရုံတို့ကို ဖွင့်လှစ်ခဲ့ပြီး ချိန်းဆိုမှုဖြင့် အများပြည်သူသို့ အခမဲ့ ဖွင့်လှစ်ပေးခဲ့သည်။ အားကစားရုံနှင့် ရေကူးအားကစားရုံတို့သည် လက်ရှိ တရုတ်နိုင်ငံတွင် အကြီးဆုံး နှစ်ခန်းတွဲ အဆောက်အဦများ ဖြစ်သည်။ အားကစားရုံတွင် ဟန်ကျိုး အာရှအားကစားပြိုင်ပွဲ၏ ဘတ်စကက်ဘော ပြိုင်ပွဲကို ကျင်းပမည်ဖြစ်ပြီး ရေကူးအားကစားရုံတွင် ဟန်ကျိုး အာရှအားကစားပြိုင်ပွဲ၏ ရေကူး၊ ဒိုင်ဗင်နှင့် အလှပြ ရေကူးပြိုင်ပွဲ၃ခုကို ကျင်းပမည်ဖြစ်ကာ အထွေထွေ အားကစားရုံတွင် ဘတ်စကက်ဘော၊ ဘော်လီဘော၊ လက်ပစ်ဘော၊ နပန်းနှင့် တိုက်ကွမ်ဒို စသည့် ပြိုင်ပွဲငါးခုအတွက် ပရော်ဖက်ရှင်နယ် လေ့ကျင့်မှုများ ပြုလုပ်မည်ဖြစ်သည်။