ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးရေးအဆိုပြုချက်တွင် ပါဝင်ရန် တရုတ်ပြည်က ကြိုဆိုသည်ဟု ကျောက်လိကျန်းဆို

(GMT+08:00)2022-07-05 16:33:22  

ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးရေးအဆိုပြုချက်သည် ပွင့်လင်းပြီး ဘက်ပေါင်းစုံ ပါဝင်မှုရှိ သည့် မိတ်ဖက်စိတ်ဓါတ်ကို စွဲကိုင်ပြီး နိုင်ငံများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ သည် ယင်းအဆိုပြုချက်တွင် ပါဝင်ဆောင်ရွက်ရန် တရုတ်ပြည်က ကြိုဆိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ယမန်နေ့ ၄ ရက်နေ့က ကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

ကျောက်လိကျန်းက မကြာခင်က ကျင်းပခဲ့သော ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးရေး အဆင့်မြင့် ဆွေးနွေးပွဲတွင် နိုင်ငံအသီးသီးမှ ခေါင်းဆောင်များက ယင်းအဆိုပြုချက်ကို တန်ဖိုးထား ချီးကျူးကြောင်း၊ ယင်းအဆိုပြုချက်သည် နိုင်ငံအသီးသီးတို့၊ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဖွံ့ဖြိုးရေး လိုအပ်ချက်များနှင့် လွန်စွာကိုက်ညီပြီး ၂၀၃၀ပြည့်နှစ် ဆက်တိုက် ဖွံ့ဖြိုးရေးစီမံကိန်းကို အရှိန်မြှင့် အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် လက်တွေ့လုပ်နိုင်ခြေရှိသော နည်းလမ်းကို ပေးသည်ဟု ၄င်းတို့က ယူဆကြကြောင်း ဖော်ပြပါသည်။