“၇.၄”ရက်တွင် ကန်နိုင်ငံ၌ သေနတ်ပစ်ခတ်မှုဖြစ်ပွား၊ လူ ၆ ဦး ထက်မနည်း သေဆုံး

(GMT+08:00)2022-07-05 16:32:58  

   အမေရိကန်နိုင်ငံ အီလီနွိုက်ပြည်နယ်၊ Highland Park မြို့တွင် ဇူလိုင်လ ၄ ရက်နေ့က ကျင်းပသော အမေရိကန် လွတ်လပ်ရေးနေ့ ချီတက်ပွဲတွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ လူ ၆ ဦး ထက်မနည်း သေဆုံးပြီး ၃၀ဦး ဒဏ်ရာရခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

   ဒေသခံရဲဘက်မှ ထုတ်ပြန်ကြေညာချက်အရ သံသယရှိသူသည် အသက် ၂၂နှစ် အရွယ်ရှိ လူဖြူအမျိုးသားတစ်ဦးဖြစ်ပြီး လက်ရှိတွင် ထွက်ပြေးနေဆဲဖြစ်ကာ လက်နက် ကိုင်ဆောင်ထားနိုင်ကြောင်း သိရပါသည်။