ရှီကျင့်ဖိန်သည် "ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေး- ဘုံရည်မှန်းချက်နှင့် လုပ်ဆောင်ချက်တန်ဖိုး" တတ်သိပညာရှင်များအဖွဲ့နှင့် မီဒီယာအဆင့်မြင့်ဖိုရမ်သို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့

(GMT+08:00)2022-07-05 12:42:50  

ဇူလိုင်လ ၄ရက်နေ့တွင် တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် "ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေး- ဘုံရည်မှန်းချက်နှင့် လုပ်ဆောင်ချက်တန်ဖိုး" တတ်သိပညာရှင်များအဖွဲ့နှင့် မီဒီယာအဆင့်မြင့်ဖိုရမ်သို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့သည်။

ရှီကျင့်ဖိန်က လက်ရှိအချိန်တွင် ကမ္ဘာကြီးသည် ရာစုနှစ်တစ်ခု၏ အပြောင်းအလဲများနှင့် ကပ်ရောဂါကို ကြုံတွေ့နေရပြီး ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာမှုသည် အားနည်းနေကာ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ခြင်းသည် လူသားတို့ ရင်ဆိုင်နေရသော အဓိကပြဿနာတစ်ခုဖြစ်လာကြောင်း၊ ယင်းအတွက် တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကမ်းလှမ်းချက်ကို တင်ပြပြီး တရုတ်နိုင်ငံသည် နိုင်ငံအသီးသီးနှင့်အတူ ဖွံ့ဖြိုးရေးကို နိုင်ငံတကာ ဦးစားပေးအစီအစဉ်အဖြစ် ထည့်သွင်းဆောင်ရွက်ပြီး ကုလသမဂ္ဂ ၂၀၃၀ပြည့်နှစ် ဆက်တိုက်ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်ကို အရှိန်မြှင့် အကောင်အထည်ဖော်ကာ ပိုမိုအားကောင်း ပိုမိုစိမ်းလန်းပြီး ကျန်းမာသန်စွမ်းသော ကမ္ဘာ့ဖွံ့ဖြိုး တိုးတက်မှုကို အကောင်အထည်ဖေါ်ရန် တွန်းအားပေးလိုကြောင်း ပြောကြားပါသည်။

"ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေး- ဘုံရည်မှန်းချက်နှင့် လုပ်ဆောင်ချက်တန်ဖိုး" တတ်သိပညာရှင်များအဖွဲ့နှင့် မီဒီယာအဆင့်မြင့်ဖိုရမ်ကို ထိုနေ့က ပီကင်း၌ ကျင်းပပြီး တရုတ်နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံး ဦးစီးကျင်းပကာ တရုတ်လူမှုသိပ္ပံပညာတံခွန်အသင်းနှင့် China Media Group တို့ ပူးတွဲ လက်ခံကျင်းပခြင်းဖြစ်သည်။