လျိုဟေ့နှင့် Janet Yellen တို့ ဗီဒီယိုပုံစံဖြင့် တွေ့ဆုံဆွေးနွေး

(GMT+08:00)2022-07-05 14:10:05  

ဇူလိုင်လ ၅ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ်၊ တရုတ်-အမေရိကန် ဘက်စုံစီးပွားရေးဆွေးနွေးပွဲ တရုတ်ဘက်မှ ဦးဆောင်သူ လျိုဟေ့ သည် ချိန်းထားသည့် အတိုင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Janet Yellen နှင့် ဗီဒီယိုပုံစံဖြင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ နှစ်ဦးနှစ်ဖက်တို့သည် မက်ခရို စီးပွားရေးအခြေအနေ၊ တစ်ကမ္ဘာလုံး ကုန်ထုတ်လုပ်မှုကွင်းဆက်နှင့် ဖြန့်ဖြူးမှုကွင်းဆက် တည်ငြိမ်ရေးနှင့် ပတ်သက်၍ လက်တွေ့ကျစွာ၊ ပွင့်လင်းစွာ၊ အပြုသဘောဆောင်စွာ အမြင်ချင်း ဖလှယ်ခဲ့ကြပါသည်။

နှစ်ဦးနှစ်ဖက်တို့က လက်ရှိကမ္ဘာ့စီးပွားရေးမှာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေ ရကြောင်း၊ တရုတ်-အမေရိကန် မက်ခရိုမူဝါဒဆိုင်ရာ တိုင်ပင်ညှိနှိုင်းမှုကို အားသစ် လောင်းပေးရန် အရေးကြီးသော အဓိပ္ပါယ်ရှိကြောင်း၊ တစ်ကမ္ဘာလုံး ကုန်ထုတ်လုပ်မှု ကွင်းဆက်နှင့် ဖြန့်ဖြူးမှုကွင်းဆက် တည်ငြိမ်ရေးကို ကာကွယ်ထိန်းသိမ်းရန် တရုတ်-အမေရိကန် နှစ်နိုင်ငံအတွက်ရော တစ်ကမ္ဘာလုံးအတွက်ပါ အကျိုးရှိကြောင်း ယူဆကြပါသည်။ တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံမှ တရုတ်နိုင်ငံအား အကောက်ခွန် တိုးမြှင့်ကောက်ခံခြင်းနှင့် အရေးယူမှုကို ဖျက်သိမ်းရန်၊ တရုတ်လုပ်ငန်းများကို သမာ သမတ်ကျစွာ သဘောထားရန် စသည့် ပြဿနာများအပေါ် အာရုံစိုက်ကြောင်း ဖော်ပြခဲ့ပါသည်။ နှစ်ဦးနှစ်ဖက်တို့သည် ဆက်သွယ်ရေးကို ဆက်လက်ထိန်းသိမ်းရန် သဘောတူညီမှု ရရှိခဲ့ကြပါသည်။